
CNF နှင့် စကစတပ်ကြား ပစ်ခတ်မှုပြင်ထန်း၊ စကစတပ်များက လူသားဒိုင်အသုံးပြုနေကြောင်း သိရသည်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့ကြား တစ်နေရာတွင် CNF နှင့် စကစတပ်အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး လုံးပီကျေးရွာနေ အရွယ်ကောင်းယောကျ်ားလေးနှစ်ယောက်ကို စကစတပ်က ဖမ်းဆီးပြီး လူသားဒိုင်အဖြစ်အသုံးပြု ရှေ့သွားခိုင်နေခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သူ့၏ လူမှုစာမျက်နှာတွင် ပစ်ခတ်မှုစတင်ပြီးဖြစ်ကြောင်း အသိပေးထားသည်ကို တွေ့ရသည်။ ဖလမ်းမြို့အခြေစိုက် CNF အနေဖြင့်လည်း ဟားခါး-ဖလမ်းကြား ကားလမ်းတွင် ခရီးသွားလာခြင်းမပြုရန် သတိပေးထားပါသည်။
ချင်းပြည်နယ်ကို ခြေမှုန်းရန် စကစ စစ်အင်အား အစီး (၁၂၀) ကျော် ပို့ဆောင်လျက်ရှိပြီး ဒီထက် တိုက်ပွဲ ပိုမိုပြင်ထန်းနိုင်ကြောင်း သုံးသပ်ကြပါသည်။
မှတ်ချက်။ စာဖတ်သူပရိသတ်အားလုံးအပေါ် အထူးကျေးဇူးတင်ရှိပါသည်။ ချင်းအမျိုးသားရေးကိစ္စများကို ဦးစားပေးဖော် ပြမည်ဖြစ်ပြီး ကျန်သည့်သတင်းအကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေးရင်း ကျေးဇူးတင်နှုတ်ဆက်ပါတယ်။
Leave a Reply